top of page
MYANWEN Logo.png

မြန်ဝမ် ဓာတ်ရှင်ပွဲ

Sat, Jan 24

|

Yangon

မြန်ဝမ် ဓာတ်ရှင်ပွဲမှာ ပွဲစျေးလျှောက်ရင်း ရုပ်ရှင်ကြည့်မယ်

Tickets are not on sale
See other events
မြန်ဝမ် ဓာတ်ရှင်ပွဲ
မြန်ဝမ် ဓာတ်ရှင်ပွဲ

Time & Location

Jan 24, 2026, 4:00 PM GMT+6:30 – Jan 25, 2026, 8:00 PM GMT+6:30

Yangon, 37 Kabar Aye Pagoda Road, Yangon, Myanmar (Burma)

About the event

ဒီနှစ် ၂၀၂၆ မှာတော့ အရင်နှစ်ကထက် ပိုမိုပြည့်စုံ၊ ပိုမိုစုံလင်ပြီး အမိုက်စားအစီအစဉ်တွေနဲ့ Inya Lake Hotel ရဲ့ ဆောင်းရာသီလေညင်းအေးအေးနှင့်အတူ မြန်ဝမ်ဓာတ်ရှင်ပွဲတော်ကြီး ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ!


ဒီနှစ်ပွဲမှာ ဘယ်သူတွေပါမလဲဆိုတာ ရင်ခုန်စရာကောင်းနေပြီနော်...

 လျှမ်းလျှမ်းတောက် ဇာတ်သဘင် မင်းသားချောလေး အောင်ဇမ္ဗူ

 နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် မင်းသားချော Vita Min

 ဆယ်စုနှစ်များစွာ ပရိတ်သတ်တွေကို လွှမ်းမိုးဆဲအကယ်ဒမီဆုရှင် အဆိုတော်ကြီး စိုင်းစိုင်းခမ်းလှိုင် နဲ့

သူ့ရဲ့ဘော်ဒါ လူငယ်တွေကြိုက်တဲ့ R&B/HipHop အဆိုတော် Bunny Phyoe

စုစုပေါင်း ပြည်သူ့အချစ်တော် (၄) ယောက်တောင် ပရိသတ်ကြီးနဲ့အတူ အနီးကပ် ရှိနေမှာဆိုတော့ ပွဲကတော့ ရှယ်ကြမ်းပြီနော်!

ဖိုးဖိုးဖွားဖွားတို့အတွက် အလွမ်းပြေဂန္ထဝင်ဓာတ်ရှင်တွေရှိမယ်၊ လူငယ်တွေအတွက် DJ Remix တွေနဲ့ ကဲမယ်၊ ကလေးတွေအတွက် Kids Zone ပါမယ်ဆိုတော့ မိသားစုလိုက် လာနွှဲဖို့ အကောင်းဆုံးပါပဲ။


 တို့တွေ ဘယ်တော့ဆုံကြမလဲ?

• ဇန်နဝါရီ ၂၄ နဲ့ ၂၅ (စနေ၊ တနင်္ဂနွေ)

• ညနေ ၃:၀၀ နာရီကနေ ည ၁၀:၀၀ နာရီထိ (ဓာတ်ရှင်က ည ၇ နာရီနော်)

• နေရာ - Inya Lake Hotel Garden


 လက်မှတ်လေးတွေက -

• လူကြီး - ၂၀၀၀၀ ကျပ်

• ကလေး (၅ နှစ်အောက်) - အခမဲ့ (Free) ပါရှင့်!

လက်မှတ်တွေကို MYANWEN Website မှာ ကြိုဝယ်ထားလို့ရသလို ပွဲနေ့ကျမှ ဂိတ်မှာ တန်းဝယ်ပြီး ဝင်ခဲ့လို့လည်း ရပါတယ်နော်။

မြန်ဝမ်ဓာတ်ရှင်ပွဲတော်မှာ အစားအသောက်ကောင်းကောင်းလေးတွေစားရင်း အမှတ်တရဟောင်းတွေကို တူတူပြန်ရှာဖွေဖို့ ဖိတ်ခေါ်လိုက်ပါတယ်!

Share this event

bottom of page