မြန်ဝမ် ဓာတ်ရှင်ပွဲ
Sat, Jan 24
|Yangon
မြန်ဝမ် ဓာတ်ရှင်ပွဲမှာ ပွဲစျေးလျှောက်ရင်း ရုပ်ရှင်ကြည့်မယ်


Time & Location
Jan 24, 2026, 4:00 PM GMT+6:30 – Jan 25, 2026, 8:00 PM GMT+6:30
Yangon, 37 Kabar Aye Pagoda Road, Yangon, Myanmar (Burma)
About the event
ဒီနှစ် ၂၀၂၆ မှာတော့ အရင်နှစ်ကထက် ပိုမိုပြည့်စုံ၊ ပိုမိုစုံလင်ပြီး အမိုက်စားအစီအစဉ်တွေနဲ့ Inya Lake Hotel ရဲ့ ဆောင်းရာသီလေညင်းအေးအေးနှင့်အတူ မြန်ဝမ်ဓာတ်ရှင်ပွဲတော်ကြီး ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ!
ဒီနှစ်ပွဲမှာ ဘယ်သူတွေပါမလဲဆိုတာ ရင်ခုန်စရာကောင်းနေပြီနော်...
လျှမ်းလျှမ်းတောက် ဇာတ်သဘင် မင်းသားချောလေး အောင်ဇမ္ဗူ ၊
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် မင်းသားချော Vita Min ၊
ဆယ်စုနှစ်များစွာ ပရိတ်သတ်တွေကို လွှမ်းမိုးဆဲအကယ်ဒမီဆုရှင် အဆိုတော်ကြီး စိုင်းစိုင်းခမ်းလှိုင် နဲ့
သူ့ရဲ့ဘော်ဒါ လူငယ်တွေကြိုက်တဲ့ R&B/HipHop အဆိုတော် Bunny Phyoe
စုစုပေါင်း ပြည်သူ့အချစ်တော် (၄) ယောက်တောင် ပရိသတ်ကြီးနဲ့အတူ အနီးကပ် ရှိနေမှာဆိုတော့ ပွဲကတော့ ရှယ်ကြမ်းပြီနော်!
ဖိုးဖိုးဖွားဖွားတို့အတွက် အလွမ်းပြေဂန္ထဝင်ဓာတ်ရှင်တွေရှိမယ်၊ လူငယ်တွေအတွက် DJ Remix တွေနဲ့ ကဲမယ်၊ ကလေးတွေအတွက် Kids Zone ပါမယ်ဆိုတော့ မိသားစုလိုက် လာနွှဲဖို့ အကောင်းဆုံးပါပဲ။
တို့တွေ ဘယ်တော့ဆုံကြမလဲ?
• ဇန်နဝါရီ ၂၄ နဲ့ ၂၅ (စနေ၊ တနင်္ဂနွေ)
• ညနေ ၃:၀၀ နာရီကနေ ည ၁၀:၀၀ နာရီထိ (ဓာတ်ရှင်က ည ၇ နာရီနော်)
• နေရာ - Inya Lake Hotel Garden
လက်မှတ်လေးတွေက -
• လူကြီး - ၂၀၀၀၀ ကျပ်
• ကလေး (၅ နှစ်အောက်) - အခမဲ့ (Free) ပါရှင့်!
လက်မှတ်တွေကို MYANWEN Website မှာ ကြိုဝယ်ထားလို့ရသလို ပွဲနေ့ကျမှ ဂိတ်မှာ တန်းဝယ်ပြီး ဝင်ခဲ့လို့လည်း ရပါတယ်နော်။
မြန်ဝမ်ဓာတ်ရှင်ပွဲတော်မှာ အစားအသောက်ကောင်းကောင်းလေးတွေစားရင်း အမှတ်တရဟောင်းတွေကို တူတူပြန်ရှာဖွေဖို့ ဖိတ်ခေါ်လိုက်ပါတယ်!
Tickets
၂၄ရက်နေ့ အတွက် ဝင်ခွင့်လက်မှတ်
ဒီလက်မှတ်လေးက ၂၄ရက်နေ့ တစ်ရက်စာအတွက်ပဲဖြစ်ပါသည်။ • နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် မင်းသားချော Vita Min ၊ • လူငယ်တွေကြိုက်တဲ့ R&B/HipHop အဆိုတော် Bunny Phyoe တို့လာရောက်ဖျော်ဖြေမှာဖြစ်ပြီး ည ၇ နာရီတွင် ဒါရိုက်တာ ဦးတင်မောင်၏ လက်ရာ "နှစ်မွှာအသဲ" ရုပ်ရှင်ဇာတ်ကားကြီးကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။
MMK 20,000
၂၅ရက်နေ့ အတွက် ဝင်ခွင့်လက်မှတ်
ဒီလက်မှတ်လေးက ၂၅ရက်နေ့ တစ်ရက်စာအတွက်ပဲဖြစ်ပါသည်။ • လျှမ်းလျှမ်းတောက် ဇာတ်သဘင် မင်းသားချောလေး အောင်ဇမ္ဗူ ၊ • ဆယ်စုနှစ်များစွာ ပရိတ်သတ်တွေကို လွှမ်းမိုးဆဲအကယ်ဒမီဆုရှင် အဆိုတော်ကြီး စိုင်းစိုင်းခမ်းလှိုင် တို့လာရောက်ဖျော်ဖြေမှာဖြစ်ပြီး ည ၇ နာရီတွင် ဒါရိုက်တာဝင်းဦး ၏ လက်ရာ "မှုံရွှေရည်" ရုပ်ရှင်ဇာတ်ကားကြီးကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။
MMK 20,000
Total
MMK 0
