MYANWEN Friendship Badminton Tournament 2026
Sat, May 23
|Myanmar Badminton Federation
စိန်ခေါ်မှုအသစ်တွေကို ရင်ခုန်သူတိုင်းအတွက် မြန်မာစီးပွါးရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် MYANWEN နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် MBF နှင့် ပူးပေါင်းကာ ပိုမိုစနစ်ကျပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ Friendship Badminton Tournament 2026 လာပါပြီ။


Time & Location
May 23, 2026, 7:00 PM GMT+6:30 – May 24, 2026, 11:00 PM GMT+6:30
Myanmar Badminton Federation, 320/332 Anawrahta Rd, Yangon, Myanmar (Burma)
About the event
🏸 စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပြိုင်ပွဲတစ်ခုထဲမှာ ကိုယ့်လက်စွမ်းကို ပြသချင်သူတိုင်းအတွက် — MYANWEN Friendship Badminton Tournament 2026 အတွက် စာရင်းပေးသွင်းခြင်းကို ယခုဖွင့်လှစ်လိုက်ပါပြီ! 🏸
ကြက်တောင်ရိုက်ဝါသနာရှင်များ စောင့်မျှော်နေကြတဲ့ အကြီးကျယ်ဆုံးသော ချစ်ကြည်ရေးပြိုင်ပွဲကြီးမှာ သင်လည်း ပါဝင်နိုင်ဖို့ အခွင့်အရေးရရှိပြီနော်! မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် (MBF) နှင့် ပူးပေါင်းပြီး စိတ်လှုပ်ရှားစရာပြည့်နှက်နေတဲ့ ပွဲစဉ်များနဲ့ အားလုံးကို စောင့်ကြိုနေပါတယ်။
📅 ပြိုင်ပွဲအသေးစိတ် (Event Information)
* 🗓 ရက်စွဲ: ၂၀၂၆ ခုနှစ်၊ မေလ (၂၃) ရက်မှ (၂၄) ရက်အထိ
* 📍 နေရာ: MBF Court (မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ကွင်း)
✅ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည့် အမျိုးအစားများ၊ ဝင်ကြေး နှင့် ရည်ညွှန်းချက်များကတော့
၁။ Novice Class (လူသစ်တန်း) - ဝင်ကြေးတဦးလျှင် (၅၀,၀၀၀ ကျပ်)
တိုင်းဒေသကြီးနှင့် ပြည်တွင်းလက်ရွေးစင်ကစားသမားများ၊ မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်အသိအမှတ်ပြု သက်တန်းလိုက်ပြိုင်ပွဲများ၊ လူသစ်တန်းပြိုင်ပွဲများနှင့် ဝါသနာရှင်တန်း ပြိုင်ပွဲများတွင် ဆုရရှိဖူးသူများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိ
ဝါသနာရှင်တန်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသော်လည်း ဆုမရရှိဖူးသူများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါသည်။
၂။ Friendship Class - ဝင်ကြေး တဦးလျှင် (၄၀,၀၀၀ ကျပ်)
MYANWEN အဖွဲ့ဝင်များနှင့် Association Members များ တို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။
🏆 ပြိုင်ပွဲအမျိုးအစားများ (Tournament Categories)
* Men’s Doubles (အမျိုးသားနှစ်ယောက်တွဲ)
* Women’s Doubles (အမျိုးသမီးနှစ်ယောက်တွဲ)
* Mixed Doubles (အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ)
🏆🏆🏆Class အလိုက်ပြန်လည် ချီးမြှင့်ပေးသွားမယ့် ဆုကြေးများကတော့ 🏆🏆🏆
၁။ Novice Class (လူသစ်တန်း)
* 🥇 ပထမဆု (Winner): ၁,၅၀၀,၀၀၀ MMK
* 🥈 ဒုတိယဆု (2nd): ၁,၀၀၀,၀၀၀ MMK
* 🥉 တတိယဆု (3rd): ၅၀၀,၀၀၀ MMK
၂။ Friendship Class (MYANWEN အဖွဲ့ဝင်များနှင့် Association Members များ)
* ဝင်ကြေး: တစ်ဦးလျှင် ၄၀,၀၀၀ MMK
* 🥇 ပထမဆု (Winner): ၅၀၀,၀၀၀ MMK
* 🥈 ဒုတိယဆု (2nd): ၃၀၀,၀၀၀ MMK
* 🥉 တတိယဆု (3rd): ၁၀၀,၀၀၀ MMK
⚠️ သတိပြုရန်နှင့် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများ
လူသစ်တန်း တွင် ဝင်ရောက်ယှဉ်ပြိုင်သူများအား သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိကို မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် (MBF) မှ စိစစ်စစ်ဆေးသွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများသည် မိမိတို့၏အတန်းနှင့် ကိုက်ညီသော Class တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် တာဝန်ရှိပါသည်။
သတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း စိစစ်တွေ့ရှိပါက ဝင်ကြေးကို ပြန်လည်ပေးအပ်သွားမည် မဟုတ်ဘဲ ပြိုင်ပွဲဝင်ခွင့်ကို ပယ်ဖျက်သွားမည်ဖြစ်ပါသည်။ (လူသစ်တန်း ဝင်ပြိုင်သူများအတွက်သာ သက်ဆိုင်ပါသည်။)
စာရင်းပေးသွင်းရာတွင် ဖြည့်သွင်းသည့် အချက်အလက်များအားလုံးသည် တိကျမှန်ကန်ရမည်ဖြစ်ပြီး မမှန်ကန်သော အချက်အလက်များကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများအတွက် စီစဉ်သူများမှ တာဝန်မယူပါ။
Registration အတည်ပြုခြင်းသည် ဝင်ကြေးပေးချေမှု ပြီးဆုံးပြီးမှသာ အတည်ပြုမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်နေရာများမှာ အကန့်အသတ်ရှိသဖြင့် စာရင်းပြည့်ပါက ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် အချိန်မီ စာရင်းပေးသွင်းထားရန် အထူးအကြံပြုအပ်ပါသည်။
ပြိုင်ပွဲအား BWF (Badminton World Federation) ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစွာ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး အကဲဖြတ်ဒိုင်များအားလုံးကို မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် (MBF) မှ တာဝန်ပေးခန့်အပ်ထားမည်ဖြစ်ပါသည်။
ပြိုင်ပွဲပွဲစဉ်များ အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေးအတွက် ပါဝင်ယှဉ်ပြိုင်ကြမည့် ကစားသမားများသည် သတ်မှတ်ထားသော အချိန်အတိုင်း ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
ပြိုင်ပွဲစဉ်များအား ၁၅ မှတ် (၃) ပွဲဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
အငြင်းပွါးမှု တစုံတရာပေါ်ပေါက်ပါက ပြိုင်ပွဲကျင်းပရေးကော်မတီ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
အသေးစိတ်သိလိုပါက ဆက်သွယ်ရန်
📞09400067010, 09797303080
🏸 For everyone who’s excited to showcase their skills in a thrilling competition — registration for the MYANWEN Friendship Badminton Tournament 2026 is now officially open! 🏸
Badminton enthusiasts, this is your chance to be part of one of the biggest and most anticipated friendship tournaments! Organized in collaboration with the Myanmar Badminton Federation (MBF), we’re ready to welcome you with exciting and action-packed matches.
📅 Event Information
· 🗓 Date: 23rd – 24th May 2026
· 📍 Venue: MBF Court (Myanmar Badminton Federation Court)
✅ Categories, Fees & Eligibility
1. Novice Class – Fee: 50,000 MMK per player
· Not eligible: Regional/state-level players, national-level players, and those who have previously won prizes in tournaments recognized by MBF, including novice and amateur competitions
· Eligible: Players who have participated in amateur tournaments but have never won any medal
2. Friendship Class – Fee: 40,000 MMK per player
· Open to MYANWEN members and Association Members only
🏆 Tournament Categories
Compete as a team in the following (3) categories:
· Men’s Doubles
· Women’s Doubles
· Mixed Doubles
🏆🏆🏆 Prize Pool by Class 🏆🏆🏆
1. Novice Class
· 🥇 Winner: 1,500,000 MMK
· 🥈 2nd Place: 1,000,000 MMK
· 🥉 3rd Place: 500,000 MMK
2. Friendship Class (MYANWEN Members & Association Members)
· 🥇 Winner: 500,000 MMK
· 🥈 2nd Place: 300,000 MMK
· 🥉 3rd Place: 100,000 MMK
⚠️ Important Notice & Tournament Rules and Regulations
Participants competing in the Novice Class will be reviewed by the Myanmar Badminton Federation (MBF) to verify whether they meet the required eligibility criteria.
All participants must compete only in the class that matches their skill level and are responsible for complying with all rules and regulations.
If any participant is found not to meet the eligibility criteria, the registration fee will not be refunded and their participation will be canceled. (Applicable to Novice Class participants only.)
All information provided during registration must be accurate and complete. The organizers will not be held responsible for any issues arising from incorrect or false information.
Registration will be confirmed only after full payment has been completed.
As slots are limited, registration will be closed once capacity is reached. Therefore, early registration is highly recommended.
The tournament will be organized in accordance with the rules and regulations of the BWF (Badminton World Federation), and all referees/umpires will be officially appointed by the Myanmar Badminton Federation (MBF).
To ensure the smooth running of the tournament, all players are required to compete according to the scheduled match times.
Matches will be played in a best of three games format, with each game played to 15 points.
In the event of any disputes, the decision of the Tournament Organizing Committee shall be final.
For more information, contact:
📞 09400067010, 09797303080
Tickets
Novice Class (2 Players)
Novice Class (လူသစ်တန်း) - ဝင်ကြေးတဦးလျှင် (၅၀,၀၀၀ ကျပ်) • တိုင်းဒေသကြီးနှင့် ပြည်တွင်းလက်ရွေးစင်ကစားသမားများ၊ မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်အသိအမှတ်ပြု သက်တန်းလိုက်ပြိုင်ပွဲများ၊ လူသစ်တန်းပြိုင်ပွဲများနှင့် ဝါသနာရှင်တန်း ပြိုင်ပွဲများတွင် ဆုရရှိဖူးသူများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိ • ဝါသနာရှင်တန်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသော်လည်း ဆုမရရှိဖူးသူများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါသည်။
MMK 100,000
Friendship Class (2 Players)
Friendship Class - ဝင်ကြေး တဦးလျှင် (၄၀,၀၀၀ ကျပ်) • MYANWEN အဖွဲ့ဝင်များနှင့် Association Members များ တို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။
MMK 80,000
Total
MMK 0
