Mind & Machine: Building Resilience
Fri, Sep 05
|Mandalay
MYANWEN မှ မန္တလေးတိုင်းဒေသကြီးရှိ အသေးစား၊ အငယ်စား၊အလတ်စား စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူများနှင့် စီးပွားရေးစတင်လုပ်ကိုင်နေသူများ အတွက် ရည်ရွယ်ပြီး “စိတ်စွမ်းအား - AI စွမ်းအား မှသည် ကြံ့ကြံ့ခံနိုင်စွမ်းခေါင်းစဉ် နဲ့ ဟောပြောပွဲ ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၅) ရက် တွင် ကျင်းပသွားမှာဖြစ်ပါတယ်။


Time & Location
Sep 05, 2025, 7:00 PM – 11:00 PM GMT+6:30
Mandalay, W3PR+8C4, Khaing Shwe Wah St, Mandalay, Myanmar (Burma)
About the event
“စိတ်စွမ်းအား - AI စွမ်းအား မှသည် ကြံ့ကြံ့ခံနိုင်စွမ်း” ဟောပြောပွဲ
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) မှ မန္တလေးတိုင်းဒေသကြီးရှိ အသေးစား၊ အငယ်စား၊အလတ်စား စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူများနှင့် စီးပွားရေးစတင်လုပ်ကိုင်နေသူများ အတွက် ရည်ရွယ်ပြီး “စိတ်စွမ်းအား - AI စွမ်းအား မှသည် ကြံ့ကြံ့ခံနိုင်စွမ်းခေါင်းစဉ် နဲ့ ဟောပြောပွဲ ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၅) ရက် (သောကြာနေ့) တွင် KBZ Center Mandalay ၌ ကျင်းပသွားမှာဖြစ်ပါတယ်။
အဆိုပါ ဟောပြောပွဲတွင် Winning Life (Training , Coaching & Consulting Co., Ltd) မှ CEO – Executive Coach – NLP Trainer ဦးကိုကိုလွင် မှ “MSME ခေါင်းဆောင်များအတွက် စိတ်ဖိစီးမှုမှ ခွန်အားသို့”ခေါင်းစဉ် ဖြင့် လည်းကောင်း ၊ Yangon School of Social Work (YSSW) မှ Founder & CEO ဥိးကျော်စစ် နိုင် (BSW, MSW) မှ “နေ့စဉ်သုံး AI - လုပ်ငန်းနှင့်ဘဝအတွက် လက်တွေ့အသုံးတည့်မည့် AI နည်းလမ်းများ”ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောသွားမှာဖြစ်ပါတယ်။
“စိတ်စွမ်းအား - AI စွမ်းအား မှသည် ကြံ့ကြံ့ခံနိုင်စွမ်း” ဟောပြောပွဲကို
စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ အနေနဲ့ စိတ်ဓာတ်ခွန်အားများ တိုးတက်လာပြီး အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းလာနိုင်စေရန်
AI နည်းပညာများကို နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနည်းများကို သိရှိလာစေခြင်း
