မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်(MYANWEN) မှ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ သီတဂူကျောင်းတိုက်ရှိ ဝိသာခါအမျိုးသမီး အသက်မွေးဝမ်း ကျောင်း ပရဟိတ ပညာသင်ကျောင်းတွင် ဖွင့်လှစ် သင်ကြားပေးသည့် Office Administrative Skills Training သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနား

16 January 2021

၁၆.၁.၂၀၂၁ တွင် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်(MYANWEN) မှ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ သီတဂူကျောင်းတိုက်ရှိ ဝိသာခါ အမျိုးသမီး အသက်မွေးဝမ်းကျောင်း ပရဟိတ ပညာသင် ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးသည့် Office Administrative Skills Training သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူ အမျိုးသမီး အသက်မွေးဝမ်းကျောင်း ပညာသင် ကျောင်း ကျောင်းအုပ်ဆရာတော်၊ သီတဂူအရှင်တိက္ခသာရ က မေတ္တာပို့သ၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပြီး ဝိသာခါ ဖောင်ဒေးရှင်း ဦးဆောင်နာယက ပါမောက္ခ ဒေါက်တာဝင်းမင်းသစ် က အဖွင့်အမှာ စကားလျှောက်ထားပြောကြားခြင်း၊ ဝိသာခါဖောင်ဒေးရှင်း ၏ ဥက္ကဌ ၊ Rotary Club of Victory Myanmar ၏ Foundation Chair ၊ မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်(MYANWEN) ၏ ဒု-ဥက္ကဌ ဒေါက်တာစုလှဟန်က သင်တန်း ပြီးမြောက်အောင် ဖွင့်လှစ်နိုင်ရန်အတွက် ပူးပေါင်း ဆောင်ရွက်ခဲ့မှု့များကို လျှောက်ထား ပြောကြားခဲ့ပြီး မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်(MYANWEN) ၏ အထွေထွေအတွင်းရေးမှုး ဒေါ်ယဉ်ယဉ်အေးက ဝမ်းမြောက်စကားလျှောက်ထား ပြောကြား ခဲ့ပါသည်။ ထို့နောက် Office Administrative Skills Training သင်တန်း အမှတ်စဉ် (၁)တွင် ပါဝင် ကူညီပံ့ပိုးပေးပါသော Myanmar Private TVET Association မှ ဥက္ကဌ ၊ ဆရာကြီး ဦးအေးမင်းမင်း ကိုယ်စား အတွင်းရေမှူး ဒေါ်ဆွေဆွေတင့်က အကြံပြုစကား လျှောက်ထားပြောကြားခဲ့ပြီး သင်တန်း ပြီးဆုံးအောင် သင်ကြားပေးပါသော The Academy for Skills and Knowledge (ASK) သင်တန်းကျောင်းမှ Executive director ဒေါ်သိမ့်သိမ့်ထွန်းက သီတဂူ အမျိုးသမီး အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း နှင့် ပူးပေါင်း၍ ပညာရေးဆောင်ရွက်ခဲ့မူ့များ၊ ရှေ့ဆက် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို လျှောက်ထား ပြောကြား ခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်း ကျောင်းသူ များ အား သင်တန်းဆင်းလက်မှတ်နှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအမျိုးသမီးအသက်မွေးဝမ်း ကျောင်း ပညာသင် ကျောင်း၊ ကျောင်းအုပ် ဆရာတော်သီတဂူအရှင်တိက္ခသာရက ဩဝါဒစကားမိန့်ကြား၍ အခမ်းအနား ရုတ်သိမ်းခဲ့ပါသည်။

Related Articles

19 March 2024

MYANWEN MSME Spotlight

Nwat Derli Zaw Citrus Myanmar...

ဆက်ဖတ်ရန်
8 March 2024

𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬!

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ “𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗪𝗼𝗺𝗲𝗻’𝘀 𝗗𝗮𝘆...

ဆက်ဖတ်ရန်
10 March 2024

𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗪𝗼𝗺𝗲𝗻’𝘀 𝗗𝗮𝘆...

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women...

ဆက်ဖတ်ရန်